(PHOTO FROM www.canhope.com.sg)
သူငယ်ချင်းတွေကို လွမ်းပါသည်...
project လုပ်ခဲ့တဲ့ အချိန်တွေကို လွမ်းပါသည်...
ရန်ဖြစ်လိုက် ပြန်တည့်လိုက် အချိန်တွေဖြုန်းလိုက် အပျော်တွေလွန် လိုက်နဲ့ပေါ့...
ဘယ်တော့မှ ပြန်မရတော့တဲ့ အမှတ်ရစရာများကို ရင်မှာ သိမ်းဆည်းပြီး...
အလွမ်းတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ကို လွမ်းပါသည်...
ဘယ်နေရာ ဘယ်ဒေသကိုပဲ ရောက်ရောက် စာတစ်တန် ဖုန်းတစ်တန် နဲ့ မဆက်သွယ်နိုင်တာတောင် အားလုံးကို သတိရနေတယ်
ဆိုတာ သိကြပါစေ...
ဒီဘဝတစ်ခုမှာ ဆုံဆည်းခဲ့တာ အစဉ်အမြဲ တို့တစ်တတွေ အတူရှိခဲတာ...
နောက်ဆုံးသော အချိန် ပြန်ပြီးခွဲခွာ သူငယ်ချင်းများစွာ ထာဝရဝေးကွာ...![]()
Monday, December 29, 2008
လွမ်းတယ်
Posted by မြကန်သာ at 12/29/2008 12:21:00 AM 0 comments
Labels: ခံစားချက်ဒိုင်ယာရီ
Saturday, December 27, 2008
NATO phonetic alphabet
The NATO phonetic alphabet သို့ the international radiotelephony spelling alphabet ကို ဖုန်းထဲမှ သို့မဟုတ် ရေဒီယိုနှင့် ဆက်သွယ်ပြောဆိုသော အချိန်တွင် စာလုံးပေါင်းပြတဲ့ နေရာတွေမှာ သုံးနိုင်ပါတယ်။ ဒီစနစ်က အင်္ဂလိပ်အက္ခရာ စာလုံးတွေကို ကုဒ်စာလုံးတွေ ( A for Alfa, B for Bravo) စသည်ဖြင့် ပေးခဲ့ပါတယ်။ ဒါမှသာ radio သို့ telephone လိုင်းတွေကို အသုံးပြုပြီး ပေးပို့တဲ့ message တွေမှာပါတဲ့ နားဖြင့်ကြားရုံမျှဖြင့် မမှန်းနိုင်တဲ့ အက္ခရာတွေကို မှန်မှန်ပြောပြနိုင်မှာပါ။ ဒီကုဒ်တွေကို အထူးသဖြင့် ရေဒီယို သုံးပြီးပြောရတဲ့ နေရာတွေမှာ အသုံးများပါတယ်။
| A | Alfa |
| B | Bravo |
| C | Charlie |
| D | Delta |
| E | Echo |
| F | Foxtrot |
| G | Golf |
| H | Hotel |
| I | India |
| J | Juliet |
| K | Kilo |
| L | Lima |
| M | Mike |
| N | November |
| O | Oscar |
| P | Papa |
| Q | Quebec |
| R | Romeo |
| S | Sierra |
| T | Tango |
| U | Uniform |
| V | Victor |
| W | Whiskey |
| X | X ray |
| Y | Yankee |
| Z | Zulu |
Posted by မြကန်သာ at 12/27/2008 11:56:00 PM 0 comments
Labels: ပညာရေး
Friday, December 26, 2008
ဘလောဂ် အရောင် နှင့်နောက်ခံ ပြောင်းခြင်း
ဘလောဂ်နောက်ခံပုံ ကို ကိုယ်ကြိုက်တဲ့ပုံ ပြောင်းချင်ရင်
၁။ edit HTML
၂။ body ထဲက background-image: url(); ကိုတွေ့ရင် ကွင်းစ ကွင်းပိတ်ထဲမှာ စိတ်ကြိုက် editing လုပ်ပြီးလို့ ရထားတဲ့ ပုံရဲ့ Link ကို ကော်ပီကူးလိုက် ရင် ရပြီ။
ဘလောဂ်နောက်ခံပုံ ကို စာဖတ်ရင်းနဲ့ မြင်အောင်လုပ်ချင်ရင်
၁။ edit HTML
၂။ Header wrapper နဲ့ Main wrapper ထဲက
background-color:#ffffff; (ဒီစာကြောင်းတွေကို ရှာ)
တွေ့ရင် အဲဒီစာကြောင်းအောက်မှာ ဒီစာကြောင်းကိုထည့်ပါ။
filter:alpha(opacity=80); -moz-opacity:0.80; opacity:0.80; -khtml-opacity:0.80; ![]()
Posted by မြကန်သာ at 12/26/2008 12:11:00 PM 0 comments
Labels: ပညာရေး
Wednesday, December 24, 2008
တောင်းတဲ့ ဆု နဲ့ ပြည့်ဝရစေသား
Posted by မြကန်သာ at 12/24/2008 02:02:00 PM 0 comments
Labels: သီချင်းအပိုင်းအစ
သီချင်းလေးကိုချစ်တာလား၊ တို့ကိုချစ်တာလား
Posted by မြကန်သာ at 12/24/2008 02:00:00 PM 0 comments
Labels: သီချင်းအပိုင်းအစ
Sunday, December 21, 2008
ဒီဇင်ဘာလရဲ့ ပန်း

ဒီပန်းလေးရဲ့ Botanical Names က Narcissus poeticus actaea လို့ခေါ်ပါတယ်...
နောက်တစ်မျိုးခေါ်တာကတော့ Narcissi ပါတဲ့...သူက daffodil (ရွှေဝါရောင်ပန်းလို့) လို့ခေါ်တဲ့ ပန်းနဲ့ ဆင်တူပြီး ရိုးတံသေးသေးလေးမှာ ပွင့်ဖတ် အများကြီးနဲ့ ပွင့်တဲ့ ပန်းပါ...
ဒီပန်းကို အဖြူရောင်၊ အဝါရောင် နဲ့ လိမ္မော်ရောင် ရယ်လို့ဆိုပြီး အရောင်သုံးမျိုးရှိပါတယ် တစ်ရောင်တည်း ရှိသလို အရောင်နှစ်ခုပေါင်းပြီးလည်း ပွင့်ပါတယ်...
နွေဦးကာလ မှာပွင့်ပါတယ်...
သူရဲ့ အရွယ်အစားကတော့ ၁၂ မှ ၁၈ လက်မထိ အမြင့် ရှိပါတယ်...
ဒီပန်းလေးရဲ့ အဓိပယ်ကတော့ ... မိမိကိုယ်ကို အထင်ကြီးခြင်း၊ မာနကြီးခြင်းပါ..
ပန်းရနံ့ ပြင်းပြီး မစားသင့်တဲ့ အဆိပ်ရှိပန်းပါ...
ပန်းထဲမှာပါတဲ့ Galanthine ကို အခုအခါမှာ Alzheimers ရောဂါကု ဆေးဝါးဖော်စပ်တဲ့နေရာမှာ အသုံးပြုပါတယ်...![]()
glitter-graphics.com
Posted by မြကန်သာ at 12/21/2008 01:33:00 PM 0 comments
Saturday, December 20, 2008
ပုံပြင်တစ်ပုဒ်
ကောင်လေး နှင့် ကောင်မလေး မော်တော်ဆိုင်ကယ်ကို တစ်နာရီ ၁၀၀ မိုင် နှုန်းဖြင့် မောင်းနှင်လာကြသည်။
ကောင်မလေး။ ။ ဖြေးဖြေးမောင်းပါလာ....ကြောက်လို့....
ကောင်လေး ။ ။ ဟင့်အင်း......ပျော်ဖို့ကောင်းတယ်....
ကောင်မလေး။ ။ ပျော်ဖို့မကောင်းဘူး.... ကြောက်ဖို့ကောင်းတယ်....
ကောင်လေး ။ ။ ဒါဆို ကိုယ့်ကို ချစ်တယ်လို့ပြော....
ကောင်မလေး။ ။ ချစ်တယ်.... အရှိန်လျော့...
ကောင်လေး ။ ။ ပြီးတော့ ကိုယ့်ကို ဖက်ထား.....
ကောင်မလေး က ကောင်လေးကို တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။
ကောင်လေး ။ ။ ကိုယ့် helmet ကို ချွတ်ပြီး မင်းဝတ်ထားလိုက်ပါလား....စိတ်အိုက်လို့....
နောက်တနေ့ သတင်းစာတွင် ဘရိတ်ပျက်သွားသောကြောင့် ဖြစ်ရသော ဆိုင်ကယ်တိုက်မှု ပါလာသည်..
တစ်ယောက်သေပြီး တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်သည်...
အမှန်မှာတော့ ဆိုင်ကယ် ဘရိတ်ပျက်သွားသည်ကို လမ်းတဝက်မှာကတည်းက ကောင်လေး က သိပြီးသားဖြစ်သည်... သို့ရာတွင်ကောင်မလေးကို မသိစေလို...
ဒါကြောင် ကောင်မလေးဆီက ချစ်တယ်ဆိုသော စကားတစ်ခွန်းနှင့် ပွေ့ဖက်မှုကို ရယူပြီး ဦးထုပ်ကို ကောင်မလေးသို့ ပေးဆောင်းစေခဲ့သည်....
ဒါမှသာ တစ်စုံတစ်ခုဖြစ်ခဲ့ ရင်တောင် သူသေပေမဲ့ ကောင်မလေး ရှင်လျက်ကျန်ရစ်ပေလိမ့်မည်ပေါ့.....
(Ref: forward mail မှရသည်ကို စမ်းသပ် ဘာသာပြန်ကြည့်ပါသည်။)
A story for u
A girl and a guy were speeding over 100 mph on a motorcycle.
Girl: Slow down, i'm scared.
Guy: No, this is fun.
Girl: No it's not, please, it's so scary.
Guy: Then tell me you love me.
Girl: I love you, slow down.
Guy: Now give me a big hug
*She gave him a big hug*
Guy: Can you take my helmet off & put it on yourself, It's really bothering me.
The next day in the newspaper, a motorcycle crashed into a building due to brake failure.
Two people were in the crash, but only one survived.
The truth was that halfway down the road the guy realized that the breaks weren't working, but he didn't want the girl to know.
Instead, he had her hug him and tell him she loves him one last time.
Then he had her put his helmet on so that she would live, even if it meant that he would die.
glitter-graphics.com
Posted by မြကန်သာ at 12/20/2008 11:19:00 PM 0 comments
Labels: ခံစားချက်ဒိုင်ယာရီ
မှတ်စု
၁။ ။ ကြိုးစားတိုင်း ရချင်မှ ရမယ်.... ဒါပေမဲ့ ကြိုးစားရမယ်....
၂။ ။ လဲကျရင် ကိုယ်ကိုတိုင် ပြန်ထမှ ကိုယ့်ကိုကိုယ် အားကိုးတတ်မယ်....![]()
glitter-graphics.com
Posted by မြကန်သာ at 12/20/2008 01:09:00 PM 0 comments
နမော်နမဲ့
မိုးလင်း မျက်စိနှစ်လုံးပွင့် သည့်အချိန်မှစ၍ ကွန်ပြူတာဖွင့် ဟိုကလိ ဒီကလိ နှင့် blog ဈာန်ဝင်နေသည့် သကာလ လျှော်ထားသည့် အဝတ်လျှော်စက်မှ ရေတွေ လျှံကျ သည်ကိုလဲ မသိ၊ သမုဒ္ဒရာ ဝမ်းတစ်ထွာ မှ မည်သံပေးကာ ဆာသည် ဟုပြောသည်ကို လဲ သတိမထားအား၊ ဖျော်ထားသည့် မိုင်လိုကို ပညောင့်ဆိတ် တွေ ဝိုင်းတွယ်နေတော့မှ သူတို့ကို ပါးစပ်ကလဲ မေတ္တာပို့ လက်ကလဲ ဂရုဏာပို့ ပြီး နောက်ဘဝသို့ ကူပြောင်းပေးလိုက်သည်။ ဟဲ ဟဲး)
အိုး.... အခုမှ သတိရသည်... အဝတ်လျှော်စက် ... အာ..... သွားပါပြီ.... ရေတွေ လျှံကျနေတာ.... သေရော....
တော်သေးတယ် အိမ်ရှင် မရှိလို့ .....
ရှိရင်သေပြီ....သူပွစိပွစိ လုပ်တာနဲ့ သေမှာပဲ
ဒီအိမ်ရောက်မှပဲ အဝတ်လျှော်ရင် ပိုက်ကို အမြဲ ရေထွက်တဲ့ နေရာကို ပြောင်းပေးရတယ်....
အရင်အိမ်တုန်းက ဘာမှ လုပ်စရာမလို....
အေးဆေး....
ခုတော့ သွားပါပြီ.... ဇိမ်ပျက်တယ်.... သွားပြီး ရှင်းလင်းရေး လုပ်ရဦးမယ်....
Posted by မြကန်သာ at 12/20/2008 11:47:00 AM 0 comments
Labels: ခံစားချက်ဒိုင်ယာရီ
Thursday, December 18, 2008
ခရစ်စမတ်စ် ဆုတောင်း
ခရစ်စမတ်စ် မတိုင်ခင် တစ်ပတ်လောက်အလိုမှာ ဂျင်မီ နဲ့ ဂျက် ဟာ အဘွားအိမ်မှာ ညသွားအိပ်ကျတယ်....
အိပ်ယာဝင်ခါနီးမှာ သူတို့ စိတ်လှုပ်ရှားစွာနဲ့ ဆုတောင်းဝတ်ပြုခဲ့ကြတယ်....
ဂျင်မီဟာ အသံအကျယ်ကြီး နဲ့ "အို ဘုရားသခင် ကျနော့် အတွက် play-station, mountain bike နဲ့ telescope တို့ကို ယူဆောင်ခဲ့ဖို့ စန်တာကလော့စ် ကို ပြောပေးပါ"
ဒါနဲ့ပဲ ဂျက်က ပြောတယ်။ "ဆုတောင်းတာ အသံအဲ့လောက်ကျယ်စရာမလိုပါဘူး....ဘုရားသခင် ကြားနိုင်ပါတယ်တဲ့ "
ဂျင်မီ။ ။ " ဘုရားသခင် ကြားနိုင်ပေမဲ့ အဘွား မကြားနိုင်ဘူး"
အလိမ်ပေါ်ခြင်း
ကျောင်းအုပ်ကြီး ရုံးခန်းသို့ ဖုန်းဝင်လာသည်။
ကျောင်းအုပ်။ ။ ဟဲလို လမင်း မူကြို ကျောင်းကပါ....
ဖုန်းခေါ်ဆိုသူ။ ။ ဟိုင်း နောက်တစ်ပတ် မောင်ဂျင်မီ ကျောင်းမလာနိုင်ဘူးခင်ဗျ....
ကျောင်းအုပ်။ ။ သူဘာများဖြစ်လို့ ပါလဲ....
ဖုန်းခေါ်ဆိုသူ။ ။ မိသားစု ခရီးသွားကြမလို့ပါ... ရမယ်လို့ ထင်ပါတယ်....
ကျောင်းအုပ်။ ။ ရပါတယ်...ဒါနဲ့ ခုပြောနေတာဘယ်သူပါလဲ....
ဖုန်းခေါ်ဆိုသူ။ ။ ခုပြောနေတာ ကျနော့ အဖေပါ...
Ref: 123funny.blogspot.com
Posted by မြကန်သာ at 12/18/2008 12:11:00 AM 0 comments
Labels: ဟဒယရွှင်ဆေး
Wednesday, December 17, 2008
ဒီဇင်ဘာ
ချမ်းချမ်းအေးအေး ဆောင်းတွင်းတွင် မိသားစုတွေ စုပြီး နှစ်တိုင်း အဘိုးအဘွား တို့အိမ်မှာ ဟော့ပေါ့ လုပ်စား ပြီး နှစ်ကူး တွေကို ကျော်ဖြတ်ပုံတွေကို သတိရ အောက်မေ့ ပါသည်......
ဘိုးဘိုး ဘွားဘွား ဖေဖေ မေမေ မောင်လေး ဦးလေးများ အဒေါ်များ ကို တစ်ယောက်ထဲအပြင်ရောက်နေသော
သမီးငယ်လေး မှ.....
MERRY CHRISTMAS & HAPPY NEW YEAR !!!!!

glitter-graphics.com
Posted by မြကန်သာ at 12/17/2008 09:05:00 PM 0 comments
Labels: ခံစားချက်ဒိုင်ယာရီ
Tuesday, December 16, 2008
ဘာဖြစ်ဖြစ်ချစ်တယ်........
Posted by မြကန်သာ at 12/16/2008 12:28:00 AM 0 comments
Labels: သီချင်းအပိုင်းအစ
Sunday, December 14, 2008
ဘာလုပ်ရင်ကောင်းမလဲ
စာမေးပွဲ ပြီးသွားပါပြီ။
မနေ့က ရေကူးကန် သွားသည်။
shopping သွားသည်။
hotpot သွားစားသည်။
ပြန်ရောက်တော့ ဖတ်ဖတ်မောကာ အိပ်ယာဝင်သည်။း)
ပျော်သည်။
Posted by မြကန်သာ at 12/14/2008 09:11:00 PM 0 comments
Labels: ခံစားချက်ဒိုင်ယာရီ
Tuesday, December 9, 2008
Saturday, October 25, 2008
ကိုယ်ရံတော်
ကျမမှာ ကိုယ်ရံတော်လေး၂ယောက်ရှိပါတယ်.... ^_^
တစ်ယောက်ကတော့ ဒီ ၂ ရက် အောက်တိုဘာမှာ ၂နှစ်ပြည့်ပါတယ်....
နောက်တစ်ယောက်ကတော့ ၃လပြည့်တာပေါ့ ဒီလ ၂ ရက်နေ့ပါပဲ....
သူတို့ ၂ယောက်က ဘယ်တော့မှ မတည့်ကြဘူးလေ...
အငယ်လေးက ငယ်ပေမယ့် ခန္ဓာကိုယ်က ကြီးတော့ အကြီးကောင်ကို အနိုင်ကျင့်တယ်...
အမြဲတမ်း တွန်းတွန်းချတယ်...အဲ့လိုမဟုတ်ရင် သူ့ ခန္ဓာကိုယ်နဲ့ တက်ဖိထားတယ်လေ....
ခဏခဏ ရန်ဖြစ်လွန်းလို့ သူတို့ကို အမြဲတမ်း ဆုံးမနေရတယ်...
နောက်ဆုံးဘယ်လို မှပြောလို့ မရရင် ခွဲထားလိုက်တယ်.....
အဲ့တော့မှပဲ ငြိမ်တော့တယ်...
ဒါပေမဲ့လဲ နှစ်ယောက်စလုံးက နီးတကျက်ကျက် ဝေးတသက်သက်ပါ..
တစ်ခုချစ်ဖို့ကောင်းတာက ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ချစ်ချစ်ခင်ခင်နေပြပါလိမ့်မယ်....
သူတို့ နဲ့ အတူနေရာတာကတော့ ပြောင်းရွှေ့စ အိမ်ခန်းအသစ်ရဲ့ တစ်ယောက်စာ အခန်းလေးထဲမှာပေါ့...
ကိုယ်ငိုရင် သူတို့က မျက်ရည်သုတ်ပေးတယ်....
ကိုယ်ပျော်ရင် သူတို့ရဲ့ မျက်လုံးလေးတွေ ပိတ်သွားတဲ့ အထိ လိုက်ရယ်ကြတယ်...
သူတို့ကို ပေးတဲ့ ပိုင်ရှင်လေးလိုပဲ .....
ဆိုးအတူ ကောင်းအတူ ကိုယ့်နားက ဘယ်မှ မခွဲသွားဘူး....
သူလေးကတော့ အကြီးပေါ့.... ၂နှစ်တောင် ပြည့်ပေါ့.....
သူကတော့ အငယ်ပေါ့.... ၃လသားလေးပဲရှိသေးတယ်....ခန္ဓာကိုယ်က ထွားတော့ မသိရင် အကြီးကောင်လို့ ထင်ရမယ်.... ^_^ဓာတ်ပုံရိုက်မယ်ဆိုလို့ ကတော့ မတည့်အတူနေ မမြင်ချောင်းကြည့် တဲ့ ၂ယောက်လုံး တည့်ပြပါလိမ့်မယ်...
^_^
သူတို့တွေကို ဝယ်ပေးတဲ့ သူကတော့ ဘေးနားမှာ အမြဲ အေးအတူ ပူအမျှ နဲ့ အခက်အခဲ မှန်သမျှ တူတူဖြေရှင်းပြီး ကိုယ့်ကို အမြဲ နားလည်နိုင်အောင် ကြိုးစားတတ်တဲ့သူ....
၂နှစ်နဲ့ ၃လဆိုသည့် မှတ်တိုင်တစ်ခု စိုက်ထူ ခဲ့ကြတဲ့ အထိ ခင်မင်ရတဲ့ သူငယ်ချင်းလေး တစ်ယောက်ပါပဲ....
ကျေးဇူးအများကြီးတင်ပါတယ် နော် ချစ်တဲ့ သူငယ်ချင်းရေ.....
( ဒီအရုပ်လေးတွေက ကိုယ့်ဘဝတစ်သက်တာ မှာ ပထမဦးဆုံးရဖူးတယ်ဆိုလား မမှားဘူးပေါ့....
ငယ်ငယ်လေးထဲက အိမ်က တစ်ခါမှ ဒီလို အရုပ်တွေ ဝယ်ပေးဖူးဘူး..... )
နောက်ထပ် မှတ်တိုင်လေးတွေလေး စိုက်ထူ ရဖို့အတွက် အမြဲတမ်း ငါ့ဘေးမှာ နင် ရှိနေပါစေ....
နောက်ထပ် လဲ အရုပ်လေးတွေ ဝယ်ပေးနိုင်ပါစေလို့ ဟိ ဟိ....
Posted by မြကန်သာ at 10/25/2008 06:32:00 PM 0 comments
Labels: ဓာတ်ပုံ
Friday, October 24, 2008
အချစ်ရာခိုင်နှုန်း တွက်ကြည့်မယ်
love calculator တဲ့ စာလုပ်မလုပ်ဆိုပြီး အင်တာနက် သုံးလိုက်တာ ပြီးတော့လဲ တစ်ခြားအရာတွေနဲ့ အချိန်ကုန်သွားတာပဲ.....
google မှာ လျှောက်ကြည့်ရင်းနဲ့ တွေ့လို့ ....
စိတ်ပါဝင်စားသူများဆော့ကစားနိုင်ပါတယ်....
တွက်ပြီးလို့ ရှိရင်တော့ စိတ်မကွက်ကြနဲ့နော်....
အပျော်သက်သက် ကစားဖို့ အတွက်ပါ.....
enjoy! ^_^
"Love Calculator"
- Calulate your love!
Posted by မြကန်သာ at 10/24/2008 12:00:00 AM 0 comments
Labels: ဟဒယရွှင်ဆေး
Wednesday, October 22, 2008
မိုးနဲ့အတူ ငိုနေမယ်

ဒီနေ့တစ်နေကုန်အတန်းမရှိလို့ အလုပ်ပဲ သွားတော့တာပေါ့
အတန်းလဲမရှိတာက တစ်ကြောင်း စာလုပ်မှာ မဟုတ်ဘူးဆိုတာ ကိုယ့်ကိုကိုယ်သိတာက တစ်ဖုံနဲ့ဆိုတော့ အလုပ်သွားတာကမှ ပိုက်ပိုက်ရသေးတယ် ဆိုပြီး မနက်၆နာရီ အိပ်ရာကထရတာပေါ့ ....
မနက်ရောက်တော့ cashier counter က Pos နှစ်ခုလုံး လေးနေပြီး ခဏခဏ အမှားတွေတက်တော့တာပဲ...
transaction void လုပ်ရတာ အများကြီးပဲ....
အရေးထဲ မသိတာတွေ သွားမေးမိလို့ ဆူခံထိသေးတယ်...
မျက်နှာက ပျက်နေပြီလေ...
လူတွေရှေ့မှာ ဆူခံရတာ....
ဒါနဲ့ နေ့လယ်လောက်လဲ ရောက်ရော ရန်ကုန်မှာကတည်းက ခင်ပြီး ဒီမှာ ကျောင်းတူတူတက်နေတဲ့ သူငယ်ချင်းက ဈေးလာဝယ်တယ်...
နှုတ်ဆက်လိုက်ပြီး သူ့မွေးနေ့ အတွက် လက်ဆောင်ဝယ်ပေးထားတဲ့ အင်္ကျီလေးဝတ်ထားလို့ နင်နဲ့ အဲ့ အကျီင်္လေးလိုက်တယ်လို့ ပြောလိုက်မိတယ်...
သူက အမဝယ်ပေးထားတာလားတဲ့ သမီးမေ့တောင်မေ့နေပြီတဲ့...
ကိုယ်ဖြင့် အော် .... ဆိုတဲ့ စကားလေးတစ်လုံးပဲ ပါးစပ်ကထွက်နိုင်ပါတော့တယ်....
စိတ်ထဲကတော့ အော် ငါ့မှာဖြင့် သူ့မွေးနေ့ ဆိုလို့ သွားရှာပြီးဝယ်လိုက်ရတာ ( သူကဝလို့လေ ) တစ်ညနေကုန်တယ်....
သူကတော့ ပြောသွားတာတစ်ခွန်းတည်း.... စိတ်မကောင်းဖြစ်မိတယ် (မျက်နှာမှာ မိုးတွေညိုနေပြီ)း(
ညနေရောက်တော့ ၂နာရီပြန်ရမှကို ၄နာရီမှပြန်လွှတ်တယ်....
လူက တစ်နေကုန်ရပ်ထားရတာ ညောင်းနေပြီ....
နောက်ထပ် ခင်ရတဲ့ သူငယ်ချင်းဆီက ဖုန်းကိုလည်း မျှော်နေရပြီလေ...
ဒီနေ့ စာမေးပွဲသွားဖြေတဲ့ သူငယ်ချင်းတစ်ယောက်က ညနေကျရင် လာမယ်လို့ ပြောထားတာကိုး....
မနက်ကတောင်သူ့ ကို ၄ နာရီ နှိုးလို့ပြောလို့ နှိုးပေးလိုက်သေးတယ်....
အလုပ်လုပ်နေရင်းနဲ့တောင် သူဖြေနိုင်ပါစေလို့ ဆုတောင်း၂ခါပြုလိုက်သေးတယ်....
၂ဘာသာဖြေတာကိုး...
အင်း....၄နာရီ ထိုးပြီ...အခုချိန်ထိဖုန်းမဆက်သေးပါလား...ပြောတော့ဖြင့် အလုပ်နားကို သူလာခဲ့မယ်တဲ့...
ကဲ စိတ်ပူပူနဲ့ ဖုန်းဆက်လိုက်တော့ အမလေး....သူက ဖုန်းပိတ်ထားတာ ခုမှ ဖွင့်မိတယ်တဲ့....
အော်... (ဒုတိယအကြိမ် အော်)
နင်အလုပ်လုပ်တဲ့နားရောက်နေပြီတဲ့ ...... (ပျော်သွားတာပေါ့ စိတ်ထဲကနေ လျှောက်သွားရပြီပေါ့ )
ဒါပေမယ့် သူငယ်ချင်းတွေက အတင်းခေါ်နေလို့ ရုပ်ရှင်သွားကြည့်မလို့ တဲ့....
ညကျမှ စာအုပ်လာယူရင်းနဲ့ နင့်ဆီလာခဲ့မယ်တဲ့...ပြောပြီး ဖုန်းချသွားတယ်... (အော် သူငယ်ချင်းရယ် မလာလဲ ရပါတယ်ဟာ... နင်လဲနင်ခင်တဲ့ သူငယ်ချင်းတွေနဲ့ ပျော်ချင်ဦးမှာပေါ့ လေ)
ကဲ အဲ့တော့လဲ ထမင်းသွားစားပြီး ပြန်တော့မယ်... (အခုငှားနေတဲ့ အိမ်က ထမင်းချက်လို့ မရတော့ အပြင်ကနေပဲ စားသွားရတော့ပေါ့ )
ထမင်းဆိုင်ဘက်ခြေလှမ်းပြင်နေတုန်း ဖုန်းထက်ဆက်လာတယ်...
ငါပြန်ခုလာခဲ့မယ်တဲ့ နင်ဘယ်မှာလဲလို့ မေးလာတယ်....
ဒါနဲ့ပဲ shoppin mall ထဲမှာ တွေ့မယ်ဆိုပြီး ကျမ ရပ်စောင့်နေခဲ့တယ်...
၃မိနစ်ကြာတော့ ထပ်ဆက်လာတယ်....
ငါဘယ်လိုမှ ထွက်လာလို့မရဘူးတဲ့ သူငယ်ချင်းတွေဝိုင်းဆွဲနေလို့တဲ့...
ကျမ ဘာဆက်ပြောရမှန်းလဲ မသိသလို ပြောစရာစကားလုံးလဲ ထွက်မလာပါဘူး...
အရမ်းကို ဝမ်းနည်းပါတယ်...
ကျမသူငယ်ချင်းတွေကို ခင်တယ်...
ဒါပေမဲ့ ကိုယ်ခင်တာရဲ့ အပုံတစ်ပုံစာတောင် ပြန်မခင်ကြတဲ့ အတွက် အရမ်းကို ဝမ်းနည်းမိပါတယ်...
ဘာတတ်နိုင်မှာလဲ...တစ်ကယ်ဆို ကျောင်းစတက်ကတည်းက သူနဲ့ ကျမ ခင်ခဲ့ကြတာ...
ကျမ ရုပ်ရှင် တစ်ခါမှ မကြည့်ဖူးတာကို လည်းသိနေသားနဲ့ ဟဲ့ နင်ပါတစ်ခါတည်းလာကြည့်ပါလား ဟုလည်း အခေါ်မခံခဲ့ရပါ....
ကိုယ့်ဘာသာကို ၁ယောက်တည်းလည်း ကြည့်လို့ ရမှန်းသိပါတယ်....
တစ်ခါတစ်လေတော့လည်း ..... အော် ထားပါတော့လေ.....
အရမ်းဝမ်းနည်းလွန်းလို့ မိုးတွေညိုနေတဲ့ ကျမမျက်နှာမှာ မိုးတွေရွာမိပါတယ်.....
ဓာတ်လှေကားနားမှာ ယောင်ပေယောင်ပေ နဲ့ ရပ်နေတဲ့ ကျမကို သူများတွေလည်း ကြည့် သွားသည်...
မထူးပါဘူး...ဘာမှမစားပဲ ပြန်အိပ်တာပဲ ကောင်းပါတယ်ဆိုပြီး အပြင်ကို ခြေဆန့် လိုက်တည့်အခါမှာတော့....
မိုးတွေက အုံ့အုံ့မှိုင်းမှိုင်းကို ရွာနေပါသည်...
ထီးရော၊ ဘစ်ကားကဒ်ရော မယူခဲ့တာမို့ ဘယ်လိုမှ ပြန်လို့ မရတော့မှန်းသိလိုက်ပါသည်...
စိတ်ထဲကနေတော့ ငါလဲငါ့ဘာသာငါ ရုပ်ရှင်သွားကြည့်ရင် ကောင်းမလားတွေးမိပေမယ့် တစ်ကယ်တမ်းတော့ မသွားရဲပါ..
တစ်ခါတည်းလဲ ဆုံးဖြတ်လိုက်ပါသည်....မေမေတို့နဲ့ ကျမှပဲ သွားကြည့်တော့မည် ဟု...
ဒါနဲ့ပဲ ထမင်းကို အီလေးဆွဲပြီးစား အိမ်ကို ပါဆယ်ထုတ် ပြန်ဖို့ အတွက် ခြေလှမ်းပြင်တဲ့ အချိန်မှာတော့ မိုးက ဖွဲဖွဲလေးပဲ ရွာတော့သည်။
ထီးမပါပဲ ပြန်လာတာမို့ လူလည်း မိုးလေး နဲနဲမိတော့ ချမ်းသလိုလို အေးသလိုလိုနဲ့ မို့လို့ ခေါင်းပေါ်က ရေလောင်းချချိုးပြီး အိပ်ပစ်လိုက်ဖို့ ကြံရွယ်မိပါသည်။
ရေမချိုးခင် ခံစားရသမျှလေး ရေးလိုက်ဦးမယ် ဆိုပြီး ရေးချနေပါသည်....
ကဲ ဆက်ရေးဖို့လဲ မစဉ်းစားနိုင်တော့ပါဘူး...
လူလဲ စိတ်ရောကိုယ်ပါ နွမ်းနေပြီမို့ ရေချိုးသန့်စင်ကာ စက်တော်ခေါ်ပါတော့မည်...
အားလုံးပဲ စိတ်ချမ်းမြေ့ ပျော်ရွှင်ကြပါစေ....
Posted by မြကန်သာ at 10/22/2008 06:30:00 PM 0 comments
Labels: ခံစားချက်ဒိုင်ယာရီ
Tuesday, October 21, 2008
ကျောင်းဖွင့်ချိန်
သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား လုပ်ရလို့လေ.....
ခုတော့ အဲလိုမဟုတ်ပါဘူး...
ကျောင်းပြန်ဖွင့်ရင် ပရောဂျတ်တွေနဲ့ နပန်းလုံး ...
ကွန်ပြူတာရှေ့မှာ မျက်မှန်တစ်လက်နဲ့ research တွေရှုပ်...
အလုပ်ရယ် ကျောင်းရယ် အလျင်မီအောင် မနည်းအချိန်လုနေရတယ်...
ဒီကြားထဲ ရှိတဲ့ သူငယ်ချင်းနဲ့လဲ တစ်ခါမှတွေ့ရဘူး.....
ယူထားတဲ့ ဘာသာချင်းကွဲသွားတာကိုး.....
ပျော်ဘူး.....
အနိုင်ကျင့်စရာလူလဲ ရှိတော့ဘူး....
Posted by မြကန်သာ at 10/21/2008 06:55:00 PM 0 comments
Labels: ခံစားချက်ဒိုင်ယာရီ
Saturday, October 11, 2008
ဦးနှောက်ကို ပျက်စီးစေသည့် အလေအကျင့်များ
၁။ မနက်စာမစားခြင်း
၂။ အလွန်အကျွံစားခြင်း
၃။ ဆေးလိပ်သောက်ခြင်း
၎။ အချိုဓာတ်များခြင်း
၅။ လေထုညစ်ညမ်းခြင်း
၆။ အအိပ်များခြင်း
၇။ အိပ်နေစဉ် ခေါင်းကိုတစ်စုံတစ်ခုနှင့် ကာထားခြင်း
၈။ ဖျားနေစဉ် စာလုပ်ခြင်း သို့ အလုပ်လုပ်ခြင်း
၉။ ဦးနှောက်အား ပုံမှန်အလုပ် လုပ်မပေးခြင်း
၁၀။ စကားပြောနည်းခြင်း
Posted by မြကန်သာ at 10/11/2008 06:34:00 PM 0 comments
Sunday, September 28, 2008
တစ်နေ့စာအလွဲများ သို့ တစ်နေ့စာအမောများ
ဒီနေ့ကတော့ အိမ်ပြောင်းပြီးကတည်းက ဆိုးရွားသောနေ့ပေါင်းများစွာ ထဲမှာ အဆိုးတကာ့ အဆိုးဆုံးနေ့ပါပဲ။
မနက်၎နာရီမှာ ဘယ်အိမ်ကမှန်းမသိ ချက်တဲ့ ကြက်သားဟင်းနံ့က အလိုက်မသိစွာ အခန်းထဲကို လေပွေနဲ့ အတူ မျောပါပြီး လာအောင်းနေပါတော့တယ်။ ဘယ်အချိန်တည်းက ဆာနေမှန်းမသိတဲ့ ဒီဗိုက်ကလည်း အနံ့ နဲ့တင် လူကို အိပ်နေရာက ငုတ်တုတ်ထထိုင်စေပါတော့တယ်။ ဟင်း..... မနက်စောစောစီးစီး နော်..... =( နှာခေါင်းထဲက ရှူဆေးဘူးထည့် ပြီးအိပ်တာတောင် မနက် ၅း၃၀ မှ အိပ်ပျော်သွားတယ်။ အိမ်မက်လေးတောင်မက်လို့ .........
အမယ်လေး ဘာပြောကောင်းမလဲ ပူလိုက်တာ ဆိုပြီး နိုးလာတဲ့ အချိန်မှာ တစ်ကိုယ်လုံးချွေးတွေကို စိုစိုရွှဲလို့ နာရီကိုကြည့်တော့ ၇း၃၀ ဟင်း..ဟင်း.. လူကအရမ်းအိပ်ချင် ပူတဲ့ ဒဏ်ကဘယ်လိုမှ အိပ်လို့ မရတော့ပါဘူး.... ငါနော် =( စိတ်လျှော့ထား....
ဒ်ီနေ့ စနေနေ့ ထမင်းငတ်ပြီ ကျောင်းသွားပြီးလဲ စားလို့မရ ၊ ထမင်းဆိုင်နဲ့လည်း မနီး၊ အိမ်မှာလည်းချက်လို့မရ... အမေရေ.... ( ခလုတ်ထိမှ အမိတ အဲ ... ခေါက်ဆွဲပြုတ်နဲ့လွေးလိုက်တာပေါ့....စိတ်တင်းထား....စားရင်နဲ့ တောင်ဝမ်းနည်းလို့ ခေါက်ဆွဲတောင် ဆို့ပြီး နင်သေးတယ် ) =(
အော် စားသောက်ပြီးလို့ ( ခေါက်ဆွဲဖတ်နဲ့ အရည်) တစ်ရေတစ်မော စက်တော်ခေါ်ပါမယ်ဆိုမှ အိမ်ရှင်အဘွားကြ်ီက တံခါးလာခေါက်ပြီး မုန့်ပေးတယ် ( စောစောစီးစီး လာပေးရင် စိတ်ဆိုးမှာကျနေတာပဲ )။ အင်းစားပြီးပြီမို့ အိပ်ရာပေါ်မှာ အဆန့်သားနှပ်နေပြီး အိပ်ပျော်ခါနီးမှ တံခါးလောခ့် မချရသေးဘူးပဲ ထလိုက်ဦးတစ်ခါ....
မှေးခနဲပျော်ခါနီးမှ သတိရတယ် ဒီနေ့ အလုပ်ရှိတယ်လေ ညနေ ၅နာရီ alarm ပေးလိုက်ဦးမှ ၄း၃၀ထဖို့.... ဟင်း...တိုလာပြီ စိတ်က ဒီနေ့ တော့ နှပ်ရဦးမယ်....
ကဲ ၂မိနစ်လဲကြာရင် သယ်ရင်းချစ်ချစ်ကြီးက အလုပ်သွားဖို့ မပြင်သေးဘူးလားဆိုပြီး ဖုန်းခေါ်ပါလေရော.... ခက်ပြီ စိတ်တိုပြန်ရင်လဲ အခက် ဖုန်းဆက်ပြီး သတိပေးတာကိုပဲ ကျေးဇူးတင်ရဦးမယ် စအိပ်ဖို့ ပြင်တာ ၃း၄၅လေ.... time management တော်တာ ၂ယောက်မရှိဘူး ကဲ အိပ်ဖို့ အတွေးကို ခေါင်းထဲကထုတ် ရေချိုးခန်းသို့ ကြွတော်မူပြီ။ =(
အောင်မလေး.... အော် အော် ပြီး သာသောင်းကျန်းလိုက်ချင်ပါ၏.... အိမ်ရှင် ရေချိုးခန်းထဲက မထွက် တာ ၁၀မိနစ်ရှိနေပြီ။ လူကပျားတုပ်နေပြီလေ အချိန်ကို ကြည့်တော့ ၄း၁၀ မိနစ် အလုပ်ကို ဘယ်လိုပြေးရမှာပါလိမ့်?
တော်ပါသေးတယ် သူ့ သားတံခါးခေါက်ပြီး ပြောပေးပေလို့ မဟုတ်လို့ကတော့ ဘယ်အချိန်မှ ထွက်လာမလဲ မသိပါဘူး ကယ်ပဲ... =(
ဒီနေ့လဲပြေးပေဦးတော့ အလုပ်ကို .... တော်သေးတာပေါ့ အိမ်နဲ့ နီးလို့ ၂ မှတ်တိုင်စာပြေးလိုက်ရတာဖတ်ဖတ်ကိုမောရော ရေချိုးထားတာတောင်ဘယ်ရောက်သွားပါလိမ့် ဟင်း.... =(
အလုပ်ရောက်ပြန်တော့လည်း မျက်နှာ လငပုပ်ဖမ်းနေတဲ့ supervisor ကို ဖြီးပြလိုက်ရတာ နားတက်ချိတ်တော့မယ်။ ကံကလေးရယ်တဲ့ ဆိုးလိုက်တာ သူ့ရှေ့ မှာမှ customer နဲ့ ပြသနာ တက်တာ ၂ ခါ လုပ်လိုက်ဦး refund နဲ့ transvoid ..... ဟင့် စိတ်ပေါက်လာပြီ... =(
ကဲ ပြန်ပြီ စက်ဘီးတွေရပ်တဲ့နေရာ သွား စက်ဘီးအေးအေးဆေးဆေးစီးပြီး ပြန်မယ်ပေါ့ .... ဟာ ဒုက္ခပဲ စက်ဘီးရှာမတွေ့ဘူးဗျို့ စက်ဘီးမနင်းရသေးဘူး ချွေးကပြန်နေပြီ စဉ်းစားစမ်း အော် သယ်ရင်းကြီးအိမ်မှာ ကျန်ခဲ့တာပဲ မရှပ်ပြာကတော့ လုပ်လိုက်ပြန်ပြီ...လာတုန်းကလဲ ပြေးလာတာပဲ... အခုတလောအသက်ကြီးလာလို့ ထင်ပါရဲ့ မေ့တာလွန်ရော =(
အဲတော့လဲ ပြည်သူပိုင်ကား တို့ကားဆိုတဲ့ ဘစ်ကားကြီးစီးပြီး ပြန်ဖို့ ကားဂိတ်ကို ချီတက်ရတော့ပါတယ်။
ဒီတစ်ညတော့ အနှောက်အယှက်ကင်းစွာနဲ့ နားလို့ရပါပြီ။..... ကောင်းသောညပါ..... =)
Posted by မြကန်သာ at 9/28/2008 12:12:00 AM 0 comments
Labels: ခံစားချက်ဒိုင်ယာရီ
Wednesday, September 24, 2008
သတိတရ
Post တွေမတင်တာတောင်ကြာပေါ့။
ဒီနေ့တော့ သူငယ်ချင်းဟောင်းကြီးရဲ့ friendster ကို သွားကြည့် တာ အားပါး အီဖေစကို့ အကြိုက် သီချင်းလေးတွေ အားရပါးရ နားထောင်ခဲ့ ပေါ့။
သူပဲ ရှာရှာပေါက်ပေါက်တင်တတ်တယ်။
သီချင်းအဟောင်းလေးတွေရော အကောင်းလေးတွေပါ နားထောင်လို.ရအောင် တင်ထားတဲ့ အတွက် ကျေးဇူးအထူးပါ ကိုတေးရေ..... =) (friendster မှာ comment ပေးဖို့ account မရှိလို့ ဒီမှာတင်လိုက်တာ)
sandayar hla htut ရဲ့ သီချင်းတွေနားထောင်မိတော့ အလှသစ်စာတရား နဲ့ တစ်ပြေသူမရွှေထား ကို မတောက်တခေါက်နဲ့ အော်ဂင် တီးပြတာကို သည်းခံ နားထောင်ပေးခဲ့ တဲ့ ချစ်သူငယ်ချင်းကြီးများ သုံးယောက်ကို အရမ်းရမ်းကို သတိရပါတယ်။
project ကာလ မှာကြုံရင် ကြုံသလို ဂစ်တာခေါက်တတ်ပြီး ဘုရား၊တရား အကြောင်းပါးစပ်ကမချတဲ့ ကိုတေးရယ်၊ ဘယ်တော့မဆို ပြုံးနေတတ်တဲ့ ကျော်စွာ နဲ့ အမေကို သေအောင်ကြောက်ပြီး အပြင်သွားတိုင်း အိမ်ပြန်ပြေးဖို့ပဲ ချောင်းနေတဲ့ ဝေလေး၊ အတည်ပေါက်နဲ့ နောက်တတ်တဲ့ မစု၊ လူကြီးဆန်တဲ့ မချို၊ နောက်ဆုံးကတော့ ခေါင်းဆောင်ကြီး ဟီး... စာရေးဆရာ ဂျပု ကိုပါ အားလုံးကို.... သတိရပါသည်။
(ငါ့ကို မေ့ရင် နင်တို့တော့......ဟင်း ဟင်း သိမယ် ၊ တေမယ်..... စတာပါ....)
အထူးသဖြင့် ဘေးကနေ သီချင်းလေးလိုက် ညီးတတ်တဲ့ မေမေ့ ကို သတိရလွန်းလို့ မျက်ရည်တောင် ဝဲမိပါတယ်။
သူရဲ့ friendster ကိုသွားလည်မယ်ဆို ရင်သတိထားနော် သူက ဂိုက်ပေးနဲနဲ ကြမ်းတယ်.... ဟိ ဟိ.... =)
http://profiles.friendster.com
Posted by မြကန်သာ at 9/24/2008 12:59:00 AM 0 comments
Labels: ခံစားချက်ဒိုင်ယာရီ
Wednesday, September 10, 2008
ကျန်းမာရေး အတွက် သစ်သီးဖျော်ရည် တစ်ခွက်

မုန်လာဥနီ+ဂျင်း+ပန်းသီး - ခန္ဓာကိုယ်တွင်း အင်္ဂါများကို သန့်စင်ပေးပါတယ်။
Carrot + Ginger + Apple - Boost and cleanse our system.
ပန်းသီး+သခွားသီး+ဆလရီ - ကင်ဆာဖြစ်ခြင်းမှ ကာကွယ်၊ ကိုလက်စထရောလ် လျော့ပါးစေ၊ ခေါင်းကိုက်ခြင်း နှင်. အစာ မကြေဖြစ်ချင်း တို့မှ ကင်းဝေးစေပါတယ်။
Apple + Cucumber + Celery - Prevent cancer, reduce cholesterol, and eliminate stomach upset and headache.
ခရမ်းချဉ်သီး+မုန်လာဥနီ+ပန်းသီး - အသားရေ စိုပြေခြင်း နှင့် ခံတွင်းမှ အနံ့ဆိုးများကို ဖယ်ရှားပေးပါတယ်။
Tomato + Carrot + Apple - Improve skin complexion and eliminate bad breath.
ကြက်ဟင်းခါးသီး+ပန်းသီး+ နွားနို့ - ခံတွင်းမှ အနံ့ဆိုးများကို ဖယ်ရှားပေး ၍ ကိုယ်တွင်းအပူချိန်ကို လျော့ကျစေပါတယ်။
Bitter gourd + Apple + Milk - Avoid bad breath and reduce internal body heat.
နာနတ်သီး+ပန်းသီး+ဖရဲသီး - ပိုနေသော ဆားများကို စစ်ထုတ်ပေး သည့် ကျောက်ကပ် နှင့် ဆီးအိမ်မှ လိုအပ်သော အာဟာရများကို ပေးသည်။
Pineapple + Apple + Watermelon - To dispel excess salts, nourishes the bladder and kidney.
ပန်းသီး+သခွားသီး+ကီဝီ - အသားအရေကို ပိုမို ဝင်းပစိုပြေစေပါတယ်
Apple + Cucumber+Kiwi - To improve skin complexion.
သစ်တော်သီး+ငှက်ပျောသီး - အချိုဓာတ်ကို ထိန်းပေးပါတယ်။
Pear & Banana - regulates sugar content.
ငှက်ပျောသီး+နာနတ်သီး+နွားနို့ - ဗီတာမင် နှင့် အာဟာရဓာတ်များ ပါဝင်၍ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပါသည်။
Banana + Pineapple + Milk - Rich in vitamin with nutritious and prevent constipation
Posted by မြကန်သာ at 9/10/2008 05:50:00 PM 0 comments
Labels: ကျန်းမာရေး
သစ်သီး နှင့် အရွက် စားခြင်းရဲ့ အကျိုးကျေးဇူး
ဘာသာပြန်ရင် လွဲနေမှာ ဆိုးလို့ ဒီအတိုင်းပဲ တင်လိုက်ပါတယ်။
(အမှန်ကတော့ ပျင်းတာပါ၊ ဘာသာမပြန်တတ်တာ လဲ ပါပါတယ်။)
ကျန်းမာကြပါစေ။း)
| Fruit | Benefit | Benefit | Benefit | Benefit | Benefit |
| apples
| Protects your heart | prevents constipation | Blocks diarrhea | Improves lung capacity | Cushions joints |
| apricots
| Combats cancer | Controls blood pressure | Saves your eyesight | Shields against Alzheimer's | Slows aging process |
| Avocados
| Battles diabetes | Lowers cholesterol | Helps stops strokes | Controls blood pressure | Smoothes skin |
| bananas
| Protects your heart | Quiets a cough | Strengthens bones | Controls blood pressure | Blocks diarrhea |
| beans
| Prevents constipation | Helps hemorrhoids | Lowers cholesterol | Combats cancer | Stabilizes blood sugar |
| blueberries
| Combats cancer | Protects your heart | Stabilizes blood sugar | Boosts memory | Prevents constipation |
| broccoli
| Strengthens bones | Saves eyesight | Combats cancer | Protects your heart | Controls blood pressure |
| Cabbage
| Combats cancer | Prevents constipation | Promotes weight loss | Protects your heart | Helps hemorrhoids |
| cantaloupe
| Saves eyesight | Controls blood pressure | Lowers cholesterol | Combats cancer | Supports immune system |
| carrots | Saves eyesight | Protects your heart | Prevents constipation | Combats cancer | Promotes weight loss |
| garlic | Lowers cholesterol | Controls blood pressure | Combats cancer | kills bacteria | Fights fungus |
| grapes | saves eyesight | Conquers kidney stones | Combats cancer | Enhances blood flow | Protects your heart |
Posted by မြကန်သာ at 9/10/2008 02:10:00 PM 0 comments
Labels: ကျန်းမာရေး
















