Saturday, October 25, 2008

ကိုယ်ရံတော်

ကျမမှာ ကိုယ်ရံတော်လေး၂ယောက်ရှိပါတယ်.... ^_^
တစ်ယောက်ကတော့ ဒီ ၂ ရက် အောက်တိုဘာမှာ ၂နှစ်ပြည့်ပါတယ်....
နောက်တစ်ယောက်ကတော့ ၃လပြည့်တာပေါ့ ဒီလ ၂ ရက်နေ့ပါပဲ....
သူတို့ ၂ယောက်က ဘယ်တော့မှ မတည့်ကြဘူးလေ...
အငယ်လေးက ငယ်ပေမယ့် ခန္ဓာကိုယ်က ကြီးတော့ အကြီးကောင်ကို အနိုင်ကျင့်တယ်...
အမြဲတမ်း တွန်းတွန်းချတယ်...အဲ့လိုမဟုတ်ရင် သူ့ ခန္ဓာကိုယ်နဲ့ တက်ဖိထားတယ်လေ....
ခဏခဏ ရန်ဖြစ်လွန်းလို့ သူတို့ကို အမြဲတမ်း ဆုံးမနေရတယ်...
နောက်ဆုံးဘယ်လို မှပြောလို့ မရရင် ခွဲထားလိုက်တယ်.....
အဲ့တော့မှပဲ ငြိမ်တော့တယ်...
ဒါပေမဲ့လဲ နှစ်ယောက်စလုံးက နီးတကျက်ကျက် ဝေးတသက်သက်ပါ..
တစ်ခုချစ်ဖို့ကောင်းတာက ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ချစ်ချစ်ခင်ခင်နေပြပါလိမ့်မယ်....
သူတို့ နဲ့ အတူနေရာတာကတော့ ပြောင်းရွှေ့စ အိမ်ခန်းအသစ်ရဲ့ တစ်ယောက်စာ အခန်းလေးထဲမှာပေါ့...
ကိုယ်ငိုရင် သူတို့က မျက်ရည်သုတ်ပေးတယ်....
ကိုယ်ပျော်ရင် သူတို့ရဲ့ မျက်လုံးလေးတွေ ပိတ်သွားတဲ့ အထိ လိုက်ရယ်ကြတယ်...
သူတို့ကို ပေးတဲ့ ပိုင်ရှင်လေးလိုပဲ .....
ဆိုးအတူ ကောင်းအတူ ကိုယ့်နားက ဘယ်မှ မခွဲသွားဘူး....




သူလေးကတော့ အကြီးပေါ့.... ၂နှစ်တောင် ပြည့်ပေါ့.....




သူကတော့ အငယ်ပေါ့.... ၃လသားလေးပဲရှိသေးတယ်....ခန္ဓာကိုယ်က ထွားတော့ မသိရင် အကြီးကောင်လို့ ထင်ရမယ်.... ^_^



ဓာတ်ပုံရိုက်မယ်ဆိုလို့ ကတော့ မတည့်အတူနေ မမြင်ချောင်းကြည့် တဲ့ ၂ယောက်လုံး တည့်ပြပါလိမ့်မယ်...
^_^

သူတို့တွေကို ဝယ်ပေးတဲ့ သူကတော့ ဘေးနားမှာ အမြဲ အေးအတူ ပူအမျှ နဲ့ အခက်အခဲ မှန်သမျှ တူတူဖြေရှင်းပြီး ကိုယ့်ကို အမြဲ နားလည်နိုင်အောင် ကြိုးစားတတ်တဲ့သူ....
၂နှစ်နဲ့ ၃လဆိုသည့် မှတ်တိုင်တစ်ခု စိုက်ထူ ခဲ့ကြတဲ့ အထိ ခင်မင်ရတဲ့ သူငယ်ချင်းလေး တစ်ယောက်ပါပဲ....
ကျေးဇူးအများကြီးတင်ပါတယ် နော် ချစ်တဲ့ သူငယ်ချင်းရေ.....

( ဒီအရုပ်လေးတွေက ကိုယ့်ဘဝတစ်သက်တာ မှာ ပထမဦးဆုံးရဖူးတယ်ဆိုလား မမှားဘူးပေါ့....
ငယ်ငယ်လေးထဲက အိမ်က တစ်ခါမှ ဒီလို အရုပ်တွေ ဝယ်ပေးဖူးဘူး..... )

နောက်ထပ် မှတ်တိုင်လေးတွေလေး စိုက်ထူ ရဖို့အတွက် အမြဲတမ်း ငါ့ဘေးမှာ နင် ရှိနေပါစေ....
နောက်ထပ် လဲ အရုပ်လေးတွေ ဝယ်ပေးနိုင်ပါစေလို့ ဟိ ဟိ....

0 comments: