Thursday, December 18, 2008

ခရစ်စမတ်စ် ဆုတောင်း

ခရစ်စမတ်စ် မတိုင်ခင် တစ်ပတ်လောက်အလိုမှာ ဂျင်မီ နဲ့ ဂျက် ဟာ အဘွားအိမ်မှာ ညသွားအိပ်ကျတယ်....
အိပ်ယာဝင်ခါနီးမှာ သူတို့ စိတ်လှုပ်ရှားစွာနဲ့ ဆုတောင်းဝတ်ပြုခဲ့ကြတယ်....

ဂျင်မီဟာ အသံအကျယ်ကြီး နဲ့ "အို ဘုရားသခင် ကျနော့် အတွက် play-station, mountain bike နဲ့ telescope တို့ကို ယူဆောင်ခဲ့ဖို့ စန်တာကလော့စ် ကို ပြောပေးပါ"

ဒါနဲ့ပဲ ဂျက်က ပြောတယ်။ "ဆုတောင်းတာ အသံအဲ့လောက်ကျယ်စရာမလိုပါဘူး....ဘုရားသခင် ကြားနိုင်ပါတယ်တဲ့ "

ဂျင်မီ။ ။ " ဘုရားသခင် ကြားနိုင်ပေမဲ့ အဘွား မကြားနိုင်ဘူး"





အလိမ်ပေါ်ခြင်း

ကျောင်းအုပ်ကြီး ရုံးခန်းသို့ ဖုန်းဝင်လာသည်။

ကျောင်းအုပ်။ ။ ဟဲလို လမင်း မူကြို ကျောင်းကပါ....

ဖုန်းခေါ်ဆိုသူ။ ။ ဟိုင်း နောက်တစ်ပတ် မောင်ဂျင်မီ ကျောင်းမလာနိုင်ဘူးခင်ဗျ....

ကျောင်းအုပ်။ ။ သူဘာများဖြစ်လို့ ပါလဲ....

ဖုန်းခေါ်ဆိုသူ။ ။ မိသားစု ခရီးသွားကြမလို့ပါ... ရမယ်လို့ ထင်ပါတယ်....

ကျောင်းအုပ်။ ။ ရပါတယ်...ဒါနဲ့ ခုပြောနေတာဘယ်သူပါလဲ....

ဖုန်းခေါ်ဆိုသူ။ ။ ခုပြောနေတာ ကျနော့ အဖေပါ...


Ref: 123funny.blogspot.com

0 comments: