Sunday, December 21, 2008

ဒီဇင်ဘာလရဲ့ ပန်း



ဒီပန်းလေးရဲ့ Botanical Names က Narcissus poeticus actaea လို့ခေါ်ပါတယ်...
နောက်တစ်မျိုးခေါ်တာကတော့ Narcissi ပါတဲ့...သူက daffodil (ရွှေဝါရောင်ပန်းလို့) လို့ခေါ်တဲ့ ပန်းနဲ့ ဆင်တူပြီး ရိုးတံသေးသေးလေးမှာ ပွင့်ဖတ် အများကြီးနဲ့ ပွင့်တဲ့ ပန်းပါ...
ဒီပန်းကို အဖြူရောင်၊ အဝါရောင် နဲ့ လိမ္မော်ရောင် ရယ်လို့ဆိုပြီး အရောင်သုံးမျိုးရှိပါတယ် တစ်ရောင်တည်း ရှိသလို အရောင်နှစ်ခုပေါင်းပြီးလည်း ပွင့်ပါတယ်...
နွေဦးကာလ မှာပွင့်ပါတယ်...
သူရဲ့ အရွယ်အစားကတော့ ၁၂ မှ ၁၈ လက်မထိ အမြင့် ရှိပါတယ်...
ဒီပန်းလေးရဲ့ အဓိပယ်ကတော့ ... မိမိကိုယ်ကို အထင်ကြီးခြင်း၊ မာနကြီးခြင်းပါ..
ပန်းရနံ့ ပြင်းပြီး မစားသင့်တဲ့ အဆိပ်ရှိပန်းပါ...
ပန်းထဲမှာပါတဲ့ Galanthine ကို အခုအခါမှာ Alzheimers ရောဂါကု ဆေးဝါးဖော်စပ်တဲ့နေရာမှာ အသုံးပြုပါတယ်...




glitter-graphics.com

0 comments: