ဒီနေ့ကတော့ အိမ်ပြောင်းပြီးကတည်းက ဆိုးရွားသောနေ့ပေါင်းများစွာ ထဲမှာ အဆိုးတကာ့ အဆိုးဆုံးနေ့ပါပဲ။
မနက်၎နာရီမှာ ဘယ်အိမ်ကမှန်းမသိ ချက်တဲ့ ကြက်သားဟင်းနံ့က အလိုက်မသိစွာ အခန်းထဲကို လေပွေနဲ့ အတူ မျောပါပြီး လာအောင်းနေပါတော့တယ်။ ဘယ်အချိန်တည်းက ဆာနေမှန်းမသိတဲ့ ဒီဗိုက်ကလည်း အနံ့ နဲ့တင် လူကို အိပ်နေရာက ငုတ်တုတ်ထထိုင်စေပါတော့တယ်။ ဟင်း..... မနက်စောစောစီးစီး နော်..... =( နှာခေါင်းထဲက ရှူဆေးဘူးထည့် ပြီးအိပ်တာတောင် မနက် ၅း၃၀ မှ အိပ်ပျော်သွားတယ်။ အိမ်မက်လေးတောင်မက်လို့ .........
အမယ်လေး ဘာပြောကောင်းမလဲ ပူလိုက်တာ ဆိုပြီး နိုးလာတဲ့ အချိန်မှာ တစ်ကိုယ်လုံးချွေးတွေကို စိုစိုရွှဲလို့ နာရီကိုကြည့်တော့ ၇း၃၀ ဟင်း..ဟင်း.. လူကအရမ်းအိပ်ချင် ပူတဲ့ ဒဏ်ကဘယ်လိုမှ အိပ်လို့ မရတော့ပါဘူး.... ငါနော် =( စိတ်လျှော့ထား....
ဒ်ီနေ့ စနေနေ့ ထမင်းငတ်ပြီ ကျောင်းသွားပြီးလဲ စားလို့မရ ၊ ထမင်းဆိုင်နဲ့လည်း မနီး၊ အိမ်မှာလည်းချက်လို့မရ... အမေရေ.... ( ခလုတ်ထိမှ အမိတ အဲ ... ခေါက်ဆွဲပြုတ်နဲ့လွေးလိုက်တာပေါ့....စိတ်တင်းထား....စားရင်နဲ့ တောင်ဝမ်းနည်းလို့ ခေါက်ဆွဲတောင် ဆို့ပြီး နင်သေးတယ် ) =(
အော် စားသောက်ပြီးလို့ ( ခေါက်ဆွဲဖတ်နဲ့ အရည်) တစ်ရေတစ်မော စက်တော်ခေါ်ပါမယ်ဆိုမှ အိမ်ရှင်အဘွားကြ်ီက တံခါးလာခေါက်ပြီး မုန့်ပေးတယ် ( စောစောစီးစီး လာပေးရင် စိတ်ဆိုးမှာကျနေတာပဲ )။ အင်းစားပြီးပြီမို့ အိပ်ရာပေါ်မှာ အဆန့်သားနှပ်နေပြီး အိပ်ပျော်ခါနီးမှ တံခါးလောခ့် မချရသေးဘူးပဲ ထလိုက်ဦးတစ်ခါ....
မှေးခနဲပျော်ခါနီးမှ သတိရတယ် ဒီနေ့ အလုပ်ရှိတယ်လေ ညနေ ၅နာရီ alarm ပေးလိုက်ဦးမှ ၄း၃၀ထဖို့.... ဟင်း...တိုလာပြီ စိတ်က ဒီနေ့ တော့ နှပ်ရဦးမယ်....
ကဲ ၂မိနစ်လဲကြာရင် သယ်ရင်းချစ်ချစ်ကြီးက အလုပ်သွားဖို့ မပြင်သေးဘူးလားဆိုပြီး ဖုန်းခေါ်ပါလေရော.... ခက်ပြီ စိတ်တိုပြန်ရင်လဲ အခက် ဖုန်းဆက်ပြီး သတိပေးတာကိုပဲ ကျေးဇူးတင်ရဦးမယ် စအိပ်ဖို့ ပြင်တာ ၃း၄၅လေ.... time management တော်တာ ၂ယောက်မရှိဘူး ကဲ အိပ်ဖို့ အတွေးကို ခေါင်းထဲကထုတ် ရေချိုးခန်းသို့ ကြွတော်မူပြီ။ =(
အောင်မလေး.... အော် အော် ပြီး သာသောင်းကျန်းလိုက်ချင်ပါ၏.... အိမ်ရှင် ရေချိုးခန်းထဲက မထွက် တာ ၁၀မိနစ်ရှိနေပြီ။ လူကပျားတုပ်နေပြီလေ အချိန်ကို ကြည့်တော့ ၄း၁၀ မိနစ် အလုပ်ကို ဘယ်လိုပြေးရမှာပါလိမ့်?
တော်ပါသေးတယ် သူ့ သားတံခါးခေါက်ပြီး ပြောပေးပေလို့ မဟုတ်လို့ကတော့ ဘယ်အချိန်မှ ထွက်လာမလဲ မသိပါဘူး ကယ်ပဲ... =(
ဒီနေ့လဲပြေးပေဦးတော့ အလုပ်ကို .... တော်သေးတာပေါ့ အိမ်နဲ့ နီးလို့ ၂ မှတ်တိုင်စာပြေးလိုက်ရတာဖတ်ဖတ်ကိုမောရော ရေချိုးထားတာတောင်ဘယ်ရောက်သွားပါလိမ့် ဟင်း.... =(
အလုပ်ရောက်ပြန်တော့လည်း မျက်နှာ လငပုပ်ဖမ်းနေတဲ့ supervisor ကို ဖြီးပြလိုက်ရတာ နားတက်ချိတ်တော့မယ်။ ကံကလေးရယ်တဲ့ ဆိုးလိုက်တာ သူ့ရှေ့ မှာမှ customer နဲ့ ပြသနာ တက်တာ ၂ ခါ လုပ်လိုက်ဦး refund နဲ့ transvoid ..... ဟင့် စိတ်ပေါက်လာပြီ... =(
ကဲ ပြန်ပြီ စက်ဘီးတွေရပ်တဲ့နေရာ သွား စက်ဘီးအေးအေးဆေးဆေးစီးပြီး ပြန်မယ်ပေါ့ .... ဟာ ဒုက္ခပဲ စက်ဘီးရှာမတွေ့ဘူးဗျို့ စက်ဘီးမနင်းရသေးဘူး ချွေးကပြန်နေပြီ စဉ်းစားစမ်း အော် သယ်ရင်းကြီးအိမ်မှာ ကျန်ခဲ့တာပဲ မရှပ်ပြာကတော့ လုပ်လိုက်ပြန်ပြီ...လာတုန်းကလဲ ပြေးလာတာပဲ... အခုတလောအသက်ကြီးလာလို့ ထင်ပါရဲ့ မေ့တာလွန်ရော =(
အဲတော့လဲ ပြည်သူပိုင်ကား တို့ကားဆိုတဲ့ ဘစ်ကားကြီးစီးပြီး ပြန်ဖို့ ကားဂိတ်ကို ချီတက်ရတော့ပါတယ်။
ဒီတစ်ညတော့ အနှောက်အယှက်ကင်းစွာနဲ့ နားလို့ရပါပြီ။..... ကောင်းသောညပါ..... =)
Sunday, September 28, 2008
တစ်နေ့စာအလွဲများ သို့ တစ်နေ့စာအမောများ
Posted by မြကန်သာ at 9/28/2008 12:12:00 AM
Labels: ခံစားချက်ဒိုင်ယာရီ
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment