မိုးလင်း မျက်စိနှစ်လုံးပွင့် သည့်အချိန်မှစ၍ ကွန်ပြူတာဖွင့် ဟိုကလိ ဒီကလိ နှင့် blog ဈာန်ဝင်နေသည့် သကာလ လျှော်ထားသည့် အဝတ်လျှော်စက်မှ ရေတွေ လျှံကျ သည်ကိုလဲ မသိ၊ သမုဒ္ဒရာ ဝမ်းတစ်ထွာ မှ မည်သံပေးကာ ဆာသည် ဟုပြောသည်ကို လဲ သတိမထားအား၊ ဖျော်ထားသည့် မိုင်လိုကို ပညောင့်ဆိတ် တွေ ဝိုင်းတွယ်နေတော့မှ သူတို့ကို ပါးစပ်ကလဲ မေတ္တာပို့ လက်ကလဲ ဂရုဏာပို့ ပြီး နောက်ဘဝသို့ ကူပြောင်းပေးလိုက်သည်။ ဟဲ ဟဲး)
အိုး.... အခုမှ သတိရသည်... အဝတ်လျှော်စက် ... အာ..... သွားပါပြီ.... ရေတွေ လျှံကျနေတာ.... သေရော....
တော်သေးတယ် အိမ်ရှင် မရှိလို့ .....
ရှိရင်သေပြီ....သူပွစိပွစိ လုပ်တာနဲ့ သေမှာပဲ
ဒီအိမ်ရောက်မှပဲ အဝတ်လျှော်ရင် ပိုက်ကို အမြဲ ရေထွက်တဲ့ နေရာကို ပြောင်းပေးရတယ်....
အရင်အိမ်တုန်းက ဘာမှ လုပ်စရာမလို....
အေးဆေး....
ခုတော့ သွားပါပြီ.... ဇိမ်ပျက်တယ်.... သွားပြီး ရှင်းလင်းရေး လုပ်ရဦးမယ်....
Saturday, December 20, 2008
နမော်နမဲ့
Posted by မြကန်သာ at 12/20/2008 11:47:00 AM
Labels: ခံစားချက်ဒိုင်ယာရီ
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment