Tuesday, September 9, 2008

ကပျာကယာ ဂျပန်ကဗျာတစ်ရာ

ဆရာ ဦးသန်းထွန်း
M.A.,B.L.,Ph.D., D.Lit. (London)
သမိုင်းပါမောက္ခ (အငြိမ်းစား)၊ မန္တလေးတက္ကသိုလ်၊
အဖွဲ့ဝင် (မြန်မာ့သမိုင်းကော်မရှင်)
အချိန်ပိုင်းပါမောက္ခ (ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနဌာန။ သမိုင်းဌာန။ အရှေ့တိုင်းပညာဌာန)
(၆ ဧပြီ ၁၉၂၃ - ၃၀ နိုဝင်ဘာ ၂၀၀၅)
ကွယ်လွန်တဲ့ တစ်လပြည့် အမှတ်တရ ထုတ်ဝေတယ်။

ဒီစာအုပ်ထဲက ကဗျာလေးများကို တင်လိုက်ပါသည်။း)



မကြာစေရဘူး နင့်ဆီ ငါပြန်လာမယ်
အပြောပဲ၊
ဟိုတစ်ည နေရောင်ခြည်လာမှ
လထွက်တယ်၊
မင်း ပါမလာ။



ဒီလမင်းကို မြင်ပြန်တော့၊
ရှေးရှေးက ဝမ်းနည်းစရာတွေကို
သူက ခေါ်လာပြီးပေးသလို၊
မျက်ရည်တွေတွေ ကျပါရဲ့။

0 comments: