forgot to give rental fees....
ooppsss....
bought a suncream, johnson's baby lotion bedtime, and milk lotion....
luckily they are on sales....
ahh i also bought ferrero choc....
ok its time to sleep....
i think i should read the books that i borrowed from library....
but but my eyes are tiring, so my brain is giving me a command to sleep...
zzzzzzzzzzz ..........zzzzzzzzzzzzzz
Sunday, March 29, 2009
29/March/2009
Posted by မြကန်သာ at 3/29/2009 01:32:00 AM 0 comments
Labels: ခံစားချက်ဒိုင်ယာရီ
Thursday, March 26, 2009
ကဗျာမမီ စာမပီ
ဘာမှပြန်မပြောတာကို ငြိမ်ခံနေတယ်လို့တော့ မထင်နဲ့ပေါ့လေ.....
ပန်းတိုင်းမှာ သူ့အလှနဲ့ သူရှိသလို.....
လူမှာလဲ သူ့အရည်အချင်းနဲ့သူရှိပါတယ်လေ.....
မပန်ချင်ရင် လွှင့်ပစ်လို့ ရတဲ့ပန်းလို
မလိုချင်ရင် အလွယ်တစ်ကူ စွန့်ပစ်လို့ မရတာ
သက်ရှိလူသားဆိုတာ သတိရပါ.....
ဒါကြောင့် မခြွေခင် မှာ မင်းအတွက် ထာဝရ ပန်ဆင်လို့ ရမရ
စဉ်းစား ဆင်ခြင် ပြီးမှ ဆွတ်ယူလှည့်ပါ.....
သဇင်၊ သစ်ခွ၊ နှင်းဆီ၊ တို့လို တော်မဝင်ပေမဲ့
စံပယ် ဟာလဲ သင်းပျံတဲ့ ရနံနဲ့ လူတိုင်းမြတ်နိုးကြပါတယ်.....
ဘယ်ပန်းပန်မှ လှမယ်ဆိုတာကို မင်းကိုယ်တိုင် သိမှာပါ
အရွေးမမှားဖို့ အတွေးမများပါနဲ့.....
မင်းအတွက် မချူခင် သူများလက်ထဲ ရောက်သွားလို့
နှမြောတသနေရမှာ စိုးလို့ပါလေ.....
ဒါပေမဲ့
ပန်းဆိုပြီးရော ခူးပြီးတော့မှ ညှိုးရိနွမ်းလျ
အဆင်းကင်းမဲ့ ရနံ့ လွှင့်ပြယ်ချိန်မှာ
မေ့လို့ချန်ရစ်ခဲ့မှာကို စိုးရိမ်မိတယ်လေ....
တို့ကတော့ စံပြီးမှ ပယ်ခံရမဲ့ ပန်းကလေးတစ်ပွင့် အစား
ကြွေပေမဲ့လဲ မွှေးနေဆဲ ခရေလေး သာဖြစ်လိုပါတယ်.....
Posted by မြကန်သာ at 3/26/2009 10:04:00 PM 0 comments
Labels: ကဗျာ
Sunday, March 15, 2009
DIY 5
ဘီးကုပ်တစ်ခုဝယ်လိုက်တုန်းက အမည်း ပြောင်ကြီး....
ခုစိတ်ကူးပေါက်လို့ အကျီင်္အဝါရောင်နဲ့ ဝတ်ချင်လို့ ပုံစံပြောင်းလိုက်တယ်....
လှမလှတော့ မသိပါ....
အလုပ်တော့ ဖြစ်သွားတယ်....
Posted by မြကန်သာ at 3/15/2009 11:32:00 AM 0 comments
Labels: DIY
Saturday, March 14, 2009
DIY 4
ဘာလုပ်ရမလဲ မသိ...
ပျင်း၏...
ထို့ကြောင့် တွေ့တဲ့စာရွက်ကို ကဒ်တစ်ကဒ်ဖြစ်အောင် ဆော့သည်...
ထွက်လာတဲ့ ကဒ်က အောက်ကပုံ...
စာရွက်ကို သုံးခေါက် ခေါက်ပြီး ပထမဦးဆုံး အရွက်ပေါ်မှာ လျှောက်ကြဲထားတာပါ...
ဒုတိယခေါက်ချိုးပေါ်မှာတော့ နဲနဲ နဲ့ ကြဲကြဲပေါ့....
တတိယခေါက်ချိုးပေါ်မှာ Notes ဆိုတဲ့ စာကြောင်းလေးပါတယ်....
အဲ့မှာ တစ်ခုခုရေးလို့ရတာပေါ့....
ဒါပါပဲ....
ပြီးပေါ့...
ဘာရယ်တော့ မဟုတ်ပေမဲ့ ကဒ်လေးတစ်ကဒ်ဖြစ်သွားတာပေါ့....
ကိုယ်ကိုတိုင် လုပ်ထားတဲ့ Handmade လေးပေးချင်တယ်ဆိုရင်ပေါ့လေ....
Posted by မြကန်သာ at 3/14/2009 11:12:00 PM 0 comments
Labels: DIY
ဝေဖာ

ဝေဖာကို ကြိုက်သည်...
ချောကလတ်နဲ့ စာရင် စတော်ဘယ်ရီကို ပိုကြိုက်သည်...
သို့ရာတွင် မနေ့က အလုပ်သွားတော့ ဆိုင်မှာ ရောင်းနေတဲ့ loacker တံဆိပ်ဝေဖာ အသစ်ရောက်နေသည်...
သုံးမျိုးရှိသည်...
အဲ့ထဲကမှ အစိမ်းရောင် အထုတ်ကို သွားကြည့်တော့ လီမွန်နဲ့လုပ်ထားသည် ဟုရေးထားသည်...
ဝယ်ပြီးစားကြည့်တော့ တော်တော် ကောင်းပါသည်...
ချဉ်ဖြုံးလေးနဲ့ စားလို့ကောင်းသည်...
တစ်ထုပ်ကို S$၁.၉၅...
တန်သည်...
စားမည်....း)
http://www.loacker.com/1282d1288.html
Posted by မြကန်သာ at 3/14/2009 03:12:00 PM 0 comments
Labels: အညွှန်း
သံသရာ
ဗိုက်ဆာတော့ အိပ်လို့မရ
အိပ်လို့ မရတော့ ဗိုက်ပိုဆာ
ဗိုက်ကလဲဆာ အိပ်လို့ကလဲမရ
သံသရာကလည်
ဒီလိုနဲ့ပဲ
မိုးတောင်လင်းပေါ့

Posted by မြကန်သာ at 3/14/2009 01:42:00 PM 0 comments
Labels: ခံစားချက်ဒိုင်ယာရီ
Friday, March 13, 2009
omg
oh my gosh....
what have i done....
walking in the rain makes me feel better....
but but but .... catch a cold makes me headache....
Posted by မြကန်သာ at 3/13/2009 04:24:00 PM 0 comments
Labels: ခံစားချက်ဒိုင်ယာရီ
Tuesday, March 3, 2009
မောင့် အချစ်ဦးရဲ့ နှင်းဆီပန်းလို တယုတရ ပျိုးစရာ မလိုတဲ့ ပန်းမျိုးမို့
တန်ဖိုးမထားတာတဲ့လား....
တစ်ကယ်ပဲ အသဲနစ်အောင် တို့ရင်ထဲက ရှက်တယ်
ပန်းချင်းအတူတူ ခွဲခြားမြင်သူရေ....
Posted by မြကန်သာ at 3/03/2009 03:39:00 AM 0 comments
Labels: ခံစားချက်ဒိုင်ယာရီ
Monday, March 2, 2009
ငိုနေသည် .... မျက်ရည်သုတ်ဖို့ မရှိ
ပြိုနေပြီ .... ရင်ထဲက ယုံကြည်ချက်တို့
ယိုင်နေပြီ .... မှီခိုရာ အရပ်တို့
ကွဲအက်နေပြီ .... နှလုံးသားတွေ
ငါတစ်ယောက်တည်း ... ပြိုလဲ ကြေကွဲ ငိုမြဲပါကွယ် ....
ရင်တစ်ခုလုံးလေးလံနေသည်....
အလိုမကျပါ တစ်ခုခုကို
မသိပါ ဘာမှမသိပါ
တလွဲမာန နဲ့ ဦးနှောက်တစ်ခုလုံး ဖုံးလွှမ်းနေပါသည်...
တောင်းဆုတစ်ခု ပြုချင်ပါသည်....
ဘဝဆက်တိုင်း ယခုဘဝကဲ့သို့ ခံစားရသော ဖြစ်တည်ကြသော ဒုက္ခအပေါင်း ပူဆွေး မငြိမ်းချမ်းမှု အပေါင်းမှ ကင်းဝေပါလို၏
Posted by မြကန်သာ at 3/02/2009 10:04:00 PM 0 comments
Labels: ခံစားချက်ဒိုင်ယာရီ


