Thursday, March 26, 2009

ကဗျာမမီ စာမပီ

ဘာမှပြန်မပြောတာကို ငြိမ်ခံနေတယ်လို့တော့ မထင်နဲ့ပေါ့လေ.....
ပန်းတိုင်းမှာ သူ့အလှနဲ့ သူရှိသလို.....
လူမှာလဲ သူ့အရည်အချင်းနဲ့သူရှိပါတယ်လေ.....

မပန်ချင်ရင် လွှင့်ပစ်လို့ ရတဲ့ပန်းလို
မလိုချင်ရင် အလွယ်တစ်ကူ စွန့်ပစ်လို့ မရတာ
သက်ရှိလူသားဆိုတာ သတိရပါ.....

ဒါကြောင့် မခြွေခင် မှာ မင်းအတွက် ထာဝရ ပန်ဆင်လို့ ရမရ
စဉ်းစား ဆင်ခြင် ပြီးမှ ဆွတ်ယူလှည့်ပါ.....

သဇင်၊ သစ်ခွ၊ နှင်းဆီ၊ တို့လို တော်မဝင်ပေမဲ့
စံပယ် ဟာလဲ သင်းပျံတဲ့ ရနံနဲ့ လူတိုင်းမြတ်နိုးကြပါတယ်.....

ဘယ်ပန်းပန်မှ လှမယ်ဆိုတာကို မင်းကိုယ်တိုင် သိမှာပါ
အရွေးမမှားဖို့ အတွေးမများပါနဲ့.....
မင်းအတွက် မချူခင် သူများလက်ထဲ ရောက်သွားလို့
နှမြောတသနေရမှာ စိုးလို့ပါလေ.....

ဒါပေမဲ့
ပန်းဆိုပြီးရော ခူးပြီးတော့မှ ညှိုးရိနွမ်းလျ
အဆင်းကင်းမဲ့ ရနံ့ လွှင့်ပြယ်ချိန်မှာ
မေ့လို့ချန်ရစ်ခဲ့မှာကို စိုးရိမ်မိတယ်လေ....

တို့ကတော့ စံပြီးမှ ပယ်ခံရမဲ့ ပန်းကလေးတစ်ပွင့် အစား
ကြွေပေမဲ့လဲ မွှေးနေဆဲ ခရေလေး သာဖြစ်လိုပါတယ်.....

0 comments: