Saturday, February 28, 2009

DIY 3


ဆွဲကြိုးလေးလုပ်ဖို့ ဆွဲသီးလေး ဝယ်လာသည်....
ပြီးတော့ အမည်းရောင်ကြိုးလေး....
ကြိုးတစ်ဖက်ဆီမှာ ချိတ်ဖို့ လိပ်ပြာနှစ်ကောင်....

Friday, February 27, 2009

DIY 2

ဟိုတစ်နေ့က ကလစ်မှာတပ်ထားတဲ့ ပန်းကလေးတွေကျန်သေးတော့ ရှိနေတဲ့ ဘီးကုပ်ကလေးမှာပါ ဆော့ချင်တာကြောင့် အောက်ပါပုံအတိုင်း ကော်ကပ်လိုက်ပါသည်....
ဖန်လုံးလေးတွေကို အသဲပုံနှစ်ခုရဲ့ အလယ်မှာ တစ်ခုစီ ကပ်လိုက်သည်....


Sunday, February 22, 2009

ပေါ့ဆခြင်းများ

စာမေးပွဲနားနီးတိုင်း တစ်ခုမဟုတ် တစ်ခု ပျောက်ခြင်းကို လက်ကိုင်ထားလာသည်မှာ ၃နှစ်၃မိုး ရှိပါတော့မည်...
အခုလဲ နောက်ဆုံးနှစ် စာမေးပွဲဖြေခါနီးကို အရေးအကြီးဆုံးသော data များစုထားသော thumb drive ပျောက်သွားပါပြီ...
အရမ်းရမ်းကို စိတ်မကောင်းဖြစ်ပါသည်...
စိတ်လည်း ညစ်ပါသည်...
နောက်ဆိုလျှင် ရှိသမျှအရေးကြီးသော ပစ္စည်းများကို လည်ပင်းတွင် ကြိုးနှင့်ချည်ထားတော့မည်ဟုဆုံးဖြတ်လိုက်ပါသည်...
ခုတော့ စိတ်ညစ်၊ စိတ်ပျက်လွန်းသဖြင့် အောက်ပါပုံအတိုင်း စိတ်လျှော့နေပါသည်...



Tuesday, February 17, 2009

DIY





စာမေးပွဲ အတွက် စာကျက်ဖို့ အချိန်ပေးထားတုန်းမှာ လုပ်ဖြစ်တဲ့ ပစ္စည်းလေးတွေပေါ့...
စာကလွဲရင် ပြီးရော... (အဲဒီတော့ စာမေးပွဲလဲ ဖြေနိုင်ဘူးပေါ့)

မကြိုက်တော့ ကလစ်အဟောင်းလေးတွေကို ပန်းပွင့်လေးတွေ ကပ်လိုက်တာပေါ့
ဒါဆို အမြင်လည်းဆန်း ပုံလည်းမရိုးတော့ဘူး...
ဝတ်မဲ့အကျီင်္နဲ့လည်း လိုက်အောင် ပန်းအရောင် ပြောင်းပြီး ကပ်လို့ရတယ်....

Monday, February 16, 2009

final exam

exactly 1 week for the final year, final semester exam.....

Sunday, February 15, 2009

Becaue of you

http://www.youtube.com/watch?v=iLi0yBmPe0k

ပျို့တက်လာသော နာကျင်ဝမ်းနည်းမှုများကို ရေခဲရေနဲ့ မျောချလိုက်သည်.......

Tuesday, February 10, 2009

ချစ်သူများနေ့ လက်ဆောင်

valentine's day နားရောက်ခါနီးပြီ ဆိုတော့ လက်ဆောင်လေးတွေရှာကြတဲ့အခါ စိတ်ကူးရစေဖို့.....



အလုပ်အရမ်းရှုပ်နေလို့ ဘာမှဝယ်ဖို့ စဉ်းစားချိန်တောင် မရခဲ့ရင် အလှပဆုံး နှင်းဆီနီတစ်ပွင့်ကို ဖဲပြားနီ နဲ့ ချည်ပြီး စိတ်ကောက်နေတဲ့ ချစ်သူကို ပေးမယ်ဆိုရင် သူမဆီက မိုနာလီဇာရှုံးတဲ့ အပြုံးတစ်ပွင့် ကို ဆွတ်ယူနိုင်ကောင်းပါရဲ့......


ဓာတ်ပုံထည့်လို့ရတဲ့ ဆွဲသီးလေးကတော့ ချစ်သူများနေ့မှာ အလှပဆုံးဝတ်ဆင်လာမဲ့ သူမနဲ့ ကိုယ့်ပုံကို အမှတ်တရရိုက်ယူ ထည့်ထားပြီး တစ်သက်စာ သိမ်းနိုင်လောက်ပါရဲ့ ......

( ဒီဆွဲသီးလေး နဲ့ အောက်က နာရီ လေးက http://www.fancypocket.sg/silver-heart-shape-locket-with-snow-necklace.html အဲ့ဒီက ရှာထားတာ... )


ဖန်စီကြိုက်တဲ့ ချစ်သူကိုတော့ ဒီနာရီလေးနဲ့ဆို အမှတ်ပြည့် ရနိုင်လောက်ပါတယ်....


crystal နဲ့ လုပ်ထားတဲ့ Photo stand လေးကတော့ ရှိပြီးသား အလှဆုံး နှစ်ယောက်သားဓာတ်ပုံလေးကို ထည့်ပြီး ဗူးလှလှလေးနဲ့ ပါကင် ထုတ်ပြီး ပေးမယ်ဆိုရင် surprise !!! ပေါ့ .....

( ဒီလင့်လေးမှာ ရပါတယ် )


ဒီလည်ဆွဲလေးကတော့ ဒီ မှာသွားရှာကြည့်လို့ ရပါတယ် .... ( လှတယ်နော် )






အပေါ်က ဆွဲသီးငါးခုကတော့ ချစ်ဖို့ကောင်းပါတယ်.... ဘယ်ကရှာထားလဲဆိုတာ မေ့သွားပြီ....

ဒါလေးကတော့ ဒီ က

ချစ်စရာ နားဆွဲလေး ...... ဒီမှာ ရှိတယ်....

ဖန်စီလေးပေါ့.....


ကျေးဇူးတင်ပါတယ်ရှင်...... အားလုံးပဲ Happy valentine's day ပါ....