Saturday, January 31, 2009

ညရဲ့ လမင်း






Thursday, January 29, 2009

အတိတ်





Wednesday, January 28, 2009

divider ဘားကို ကလိခြင်း

ပဲငပိ အကြောင်းရေး ရင်းနဲ့ စာတစ်ပုဒ်ရေးပြီးတိုင်း ဝါသနာအရ divider ဘားလေး ထည့်ခြင်းကို ကလိကြည့်ပါသည်...

အကျိုးအမြတ်ကတော့ http://www.w3schools.com ဒီဆိုဒ်လေးတွေ့သည်...
Html ကို လေ့လာချင်တယ်ဆိုရင် ကိုယ်တိုင် စမ်းလေ့ကျင့်ဖို့ အတွက် ဥပမာတွေ အဆင်သင့် ပေးထားသည်..
ကြိုက်သလို ဆော့ရင်း လေ့လာနိုင်ပါသည်...

ကျမက ဘလော့ရေးခြင်းထက် ဘလော့ စာမျက်နှာတစ်ခွင် လျှောက်ဆော့၊ ကလိ၊ လုပ်ချင်ရာလုပ် ရသည်ကို ပိုသဘောကျသည်...
ဘာမှမဟုတ်ပေမဲ့ အပျော်သဘောလေးပေါ့...

အခုလဲ ဒီဘားကို တစ်ကြောင်းထဲမှာ နှစ်ပုံသုံးပုံ ရောထည့်ချင်ပါသည်...
အဲဒီတော့ ပို့စ်တစ်ခုရဲ့ အောက်မှာ ထည့်ချင်တဲ့ divider ရဲ့ html code ကို ကော်ပီလုပ်ပါ..
ပြီးတော့ code မှာပါတဲ့ img link ကို နှစ်ခါ ကော်ပီ ကူးလိုက်ရုံပါပဲ...
လွယ်လွန်းလို့ မရတာပါ...ဟိ ဟိ

ကဲကဲ အိမ်မှဖြစ်တော့မည်...
၁နာရီလဲထိုးရောပေါ့...
နက်ဖြန်ကျရင် စေတနာ နဲ့ ဂိုက်လုပ်ပေးသော သူငယ်ချင်းက စာမေးမည်တဲ့...
မေးလို့ မရရင် KFC ဝယ်ကျွှေးရမယ်ဆိုလို့ နက်ဖြန် နံနက် စာကျက်ဖို့ အခု အိပ်ပါတော့မည်...



ပဲငပိချက်



ဟင်း ချက်လို့မရတဲ့ အိမ်မှာ အိမ်ငှားနေရတဲ့ ကျမအတွက် ထမင်းစားကောင်းဖို့ ဆိုတာ အိမ်မက်ပါပဲ...
တစ်ခါတစ်လေ စိတ်ကူးပေါက်လို့ အိမ်ရှင်ခွင့်ပြုရင်တော့ ထမင်းချက်လို့ရတယ်...
ဒါပေမဲ့ ဟင်းမှချက်လို့မရတာ အဲဒီ့တော့...
ဒီပဲငပိချက်ဗူးလေးက အဲဒီအချိန်မျိုးမှာ ကျမအတွက် မရှိမဖြစ် လက်ဆွဲတော် လေးပေါ့...
အရသာလေးက တော်တော် ထမင်းမြိန်စေပါတယ်...
ဆိုင်တော်တော်များများမှာ ရနိုင်ပါတယ်...
fair price ကစလို့ YES, Prime စတဲ့ mini market တွေမှာပါ ရနိုင်ပါတယ်...
ဈေးကလဲ ချိုပါတယ်.... ၁.၉၀ SG$ ဝန်းကျင်လောက်ပဲ ရှိတော့ တန်တယ်ပေါ့....



Wednesday, January 21, 2009

ဇန်နဝါရီလ ရဲ့ ပန်း




ဇန်နဝါရီလ ရဲ့ ပန်းကတော့ ကာနေးရှင်းပန်းပါတဲ့...

ဒီပန်းလေးရဲ့ အဓိပ္ပာယ်ကတော့ ချစ်ခြင်း၊ စွဲဆောင်မှုရှိခြင်း၊ ထင်ရှားမှုရှိခြင်း တို့ပါတဲ့....

ပန်းလေးတစ်ပွင့်ထဲမှာ ပွင့်ဖတ်တွေအများကြီးနဲ့ ဖွဲ့စည်းထားပြီး ရိုးတံ အရှည်က ၁၈ လက်မကနေ ၂၄ လက်မထိရှိပါတယ်...

တစ်နှစ်ပတ်လုံးပွင့်တဲ့ ပန်းမျိုးဖြစ်ပြီး ပန်းရောင်၊ အဖြူရောင်၊ အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင် နဲ့ အစိမ်းရောင် ဆိုပြီး များပြားလှတဲ့ အရောင်ပေါင်းစုံရှိပါတယ်...

တစ်ရောင်ထဲပွင့် သလို အရောင်ပေါင်းစပ်ပြီး လည်း ပွင့်ပါတယ်တဲ့....

ကာနေးရှင်းပန်း ပန်းနုရောင် ကလေးက အမေတစ်ယောက်ရဲ့ ပျောက်ကွယ်မသွားတဲ့ အချစ် ကို ဖော်ပြပါတယ်




ဘလောဂ် နောက်ခံပုံ စိတ်ကြိုက်ပြင်ခြင်း

ဘလော့ဂ်ကို စာမေးပွဲနားနီးတိုင်း ကလိသည်...
ဘာအကျင့်မှန်းမသိပါ...
ခုလည်း template တစ်ခုမှာ ပါတဲ့ နှင်းဆီပန်းပုံကို ကြိုက်သွားလို့ တမနက်လုံး ကလိသည်...
အဲဒီပုံကို
body ထဲက

background-image: url(http://stuff.pyzam.com/layouts/img/v/a/ajvalroses.jpg);
background-attachment: fixed;
background-position:bottom left;
background-repeat:repeat-x;

အစိမ်း ပြထားတဲ့နေရာတွေမှာ ပြင်ရပါသည်...

url နေရာမှာ ကိုယ်ကြိုက်တဲ့ပုံထည့်
position ကိုတော့

  • top left
  • top center
  • top right
  • center left
  • center center
  • center right
  • bottom left
  • bottom center
  • bottom right ဆိုပြီးတော့ ကြိုက်တဲ့နေရာမှာ ထားလို့ရသည်...
repeat ကတော့ ဒီနေ့ လောလောလတ်လတ် ရှာဖွေရထားတာပေါ့....
ပုံကို စာမျက်နှာရဲ့ ထောင့်တစ်ထောင့်မှာ ကပ်ထားချင်တယ်ဆိုရင်တော့ no-repeat ပေါ့...
အဲလို မဟုတ်ပဲ စာမျက်နှာ အလျားလိုက် တစ်လျှောက်လုံး ပေါ်ချင်ရင်တော့ repeat-x ပါ...
ဒေါင်လိုက် ပုံတွေရှိချင်ရင်တော့ ကော..... repeat-y ပေါ့....

ဘလောဂ့်အရောင်နဲ့ နောက်ခံပုံလေးတွေ ပြောင်းတာကိုတော့ ဒီမှာ ရေးထားတယ်....

REF: http://csshtmltutorial.com



Tuesday, January 20, 2009

final year exam

စာမေးပွဲကြီးဖြေရဖို့ ၁လတိတိသာ လိုပါတော့သည်။
ဖြေနိုင်ပါစေ စာမကျက်ပါပဲနဲ့ ဟိ



Monday, January 19, 2009

မီးပူသမိုင်း

ကမ္ဘာဦးအစ

အရိုးကို အသုံးပြုပြီး အဝတ်တွေကို တိုက်သတဲ့

၈၀၀ BC, တရုတ်

အင်္ကျီတွေကို သဲပူထည့်ထားတဲ့ အိုးနဲ့ ဖိပြီး သုံးသတဲ့

၁၆၀၀

မီးသွေးမီးပူ ကိုစတင် မိတ်ဆက်ခဲ့တယ်

၁၈၈၂

ပထမဦးဆုံး လျှပ်စစ်မီးပူ အကြောင်း စတင် ရေးသားခဲ့တယ်

၁၉၂၆

ပထမဦးဆုံး ရေနွေးငွေ့မီးပူ အကြောင်း စတင် ရေးသားခဲ့တယ်


REF: EZY HEALTH MAGAZINE




Saturday, January 17, 2009

frivolous wife



လောလောဆယ် အရမ်းကြိုက်နေပါသည်....



Friday, January 16, 2009

ဖေဖေ နဲ့ မေမေ

နေကောင်းပါစေ...
နေကောင်းပါစေ...
နေကောင်းပါစေ...

ဘယ်ရောဂါမဆို ပျောက်ကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ နှစ်ပေါင်းများစွာ သက်တော်ရာကျော် ရှည်ပါစေ...



Sunday, January 4, 2009

စာ ပြီးရင် စာ

စာ ပြီးရင်း စာ
စာပိနေပါပြီ...

အဲ့လောက်စာတော်သူလားဆိုတော့ မဟုတ်ပါ...

ဥဏ်ကလည်း မကောင်း...
ဝရိယက မရှိ...
အအိပ်က မက်...
အပျင်းက ကြီး ဟီး ဟီး .... :P

စာမကျက်ပဲ စာရချင်သည်...
မလေ့လာပဲ အကုန်သိချင်သည်...

ပျင်းတကာ့ အပျင်း ပျင်းထိပ်ခေါင်တင်...
း(

စာမကျက်ချင်ဘူးဟေ့ သီချင်းတွေဆိုလိုက်မယ်... တာ တာ တာ တာ...



neck tie ဘယ်လိုစည်းရမလဲ

REF: http://www.tieking.com.au/

ဟိ သူငယ်ချင်းတစ်ယောက်က neck tie မစည်းတတ်လို့ဆိုလို့ .....
ကိုယ့်ဘာသာကိုယ် ဒီပုံကို ကြည့်စည်းပေတော့.....
နာလဲ စည်းတတ်ဘူး။ နားလည် မလည်ဘူး ရှုပ်နေတာပဲ....


Saturday, January 3, 2009

အော် ....လူ....လူ

ကျမနဲ့ ကျမသူငယ်ချင်းတစ်ယောက်က guardian မှာ အချိန်ပိုင်းအလုပ် လုပ်ပါတယ်...
ကျောင်းလဲတက်ရင်း တစ်ဖက်ကလဲ မုန့်ဖိုးရှာရင်းပေါ့...
ကျမသူငယ်ချင်းက ကျမတို့ဆိုင်ကို ရောက်လာတာ မကြာသေးပါဘူး...
တရက်ပေါ့ သူကမနက်ပိုင်း အလုပ်ဆင်းတဲ့အချိန် ပြသနာတစ်ခုဖြစ်သွားပါတယ်...
သူcashier လုပ်နေတုန်းမှာ မြန်မာ အမျိုးသားနှစ်ယောက် ရောက်လာခဲ့ပြီး ပစ္စည်း တစ်ခုဝယ်ပါတယ်တဲ့...
ပြီးတော့ ငွေလဲရှင်းရော သူငယ်ချင်းက သူတို့ကို အကြွေပါလားလို့ အင်္ဂလိပ်လို မေးလိုက်ပါတယ်...
အဲ့ဒီမှာ ပြသနာစတာပေါ့...
ငွေလဲရှင်းပြီးရော အဲဒီ့လူနှစ်ယောက်က ကောင်တာကနေ ထွက်ခါနီး သူ့ကို မကြားတကြားဆဲသွားပါတယ်တဲ့...
....မ မြန်မာမှန်း သိရက်နဲ့ မြန်မာလို မပြောဘူး...ဘာညာကွိကပေါ့လေ...
ပြီးတော့ အပြင်မှန်ကာထားတဲ့နေရာ ကနေ ကြည့်နေကျတယ်တဲ့...

သူလဲတော်တော် စိတ်ဆိုးသွားတယ်...
ဒါပေမဲ့ မန်နေဂျာကိုလဲ ပြောပြလို့မရ...
ဘာမှလဲ လုပ်လို့မရ ဆိုတော့ စိတ်ကသိကအောက်နဲ့ပဲ ကျမသွားတဲ့ အချိန်ကျမှပဲ သူ့မှာ ရင်ဖွင့်ရပါတယ်...
သူစပြောတုန်းကဆို ကျမ ယုံတောင်မယုံဘူး...
ဟုတ်ရဲ့လားလိုပေါ့...

တော်ရုံဆို service မကောင်းရင် တစ်ချို့ ဈေးဝယ်သူတွေက complain တက်ကြတယ်လေ...
ခုဟာက မြန်မာလူမျိုးအချင်းချင်း ဆဲသွားတယ်ဆိုတော့...
ပြီးတော့ အဲ့နေ့က ဇန်နဝါရီ ၁ ရက်နေ့က ပါ...

ဘာလို့များ လူတွေက အနိုင်ကျင့်ချင်ကြတာပါလိမ့်... အခုအချိန်ထိ စဉ်စားလို့မရတာကတော့ ဘာလို့အဲလို ပြောသွားတာပါလိမ့်

လူသားချင်းစာနာတတ်ကြပါစေ....


အပျင်းပြေ









အပျင်းပြေလိုက်ကြည့်လို့ တွေ့ပြီး ကြိုက်တာတွေကို စုထားတာပါ။ ထုံးစံအတိုင်း REF: google search


Thursday, January 1, 2009

HaPPy NeW YeaR 2009 !!!




မင်္ဂလာအပေါင်းနှင့် ခညောင်းသော နှစ်သစ်ဖြစ်ပါစေ။
နှစ်သစ်မှာ စိတ်သစ် လူသစ် ကိုယ်သစ် နှင့်
မင်္ဂလာရှိသောရက်မြတ်များကို
ပိုင်ဆိုင်နိုင်ကြပါစေ။